Theinngu32 USA
Animitta Theinngu Vipassna Society of America
တိုက်ခွဲ ၃၂ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ ဌာန ချုပ် USA ၌ တလ လျှင်တကြိမ် ယောဂီသစ်၊ ယောဂီဟောင်း၊ နာရီရှည်အကြို နှင့် နာရီရှည် (၂၀) ရက် တရားစခန်းများကို ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီး၏ လမ်းညွှန်မှူဖြင့် ဆရာတော်အရှင်ဓမ္မပါရဂူမှ ကြီးကြပ်၍ သာသနာပြု ဥပဌာကများ၊ တရားထောက်များ ဝေယျာဝစ္စအကျိုးဆောင်များ နှင့် ကုသိုလ်ရှင်များ၏ စုပေါင်းအားဖြင့် Theinngu32 USA ဓမ္မရိပ်သာ Stockton, California ၌ လစဉ် ပုံမှန်ကျင်းပပေးနေပါသည်။
တရားစခန်း မတိုင်ခင် zoom online အာနာပါန လေ့ကျင့်ရေးအတွက် မသူသူ ထံ စုံစမ်းနိုင်ပါသည်။
ဘဒ္ဒန္တ စန္ဒိမာ (အောင်လံ)
ကျေးဇူးတော်ရှင် အောင်လံဆရာတော် ဘုရားကြီး အမေရိကန် ပြည်ထောင်စုသာသနာပြု ခရီး မှ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာ သွားခဲ့သည်မှာ July 30, 2020 တွင် 46 လပြည့်မြောက် ခဲ့ပြီဖြစ်သည်။
တိုက်ခွဲ ၃၂ သဲအင်းဂူ U.S.A ယောဂီများ မှလည်း
ဆရာတော်ဘုရားကြီး၏ တရားကျင့်စဉ်များကို ဆုံးခန်း တိုင်အောင် ထပ်မံ၍ ကျင့်ကြံ အားထုတ်ရန် ကြိုးစားလျက် ဝေနေယျများကို အပယ်ဘေးမှ ကယ်တင်နိုင်ရန် ကြိုးစားသွားရင်း ဆရာတော် ဘုရားကြီးအား ကျေးဇူးဆပ်သွားပါမည် ဘုရား။
တိုက်ခွဲ အမှတ် ၃၂ သဲအင်းဂူ ဝိပဿနာ (၁၀) ရက် အဓိဋ္ဌာန် တရား စခန်းပွဲကို San Francisco – Half Moon Bay ဓမ္မာနန္ဒ ဝိဟာရ ကျောင်းတိုက်တွင် September, 2016 ၌ ကျင်းပခဲ့သည်။
Upcoming Meditation Retreat
2025 BUF 9 New Aug 0817 Swun
Theinngu32 Buffalo ယောဂီသစ် အဓိဌာန် (၉) ရက် တရားစခန်း (2025 Aug 08 – 17)
တနေ့တာဆွမ်း (အရုဏ်ဆွမ်း နှင့် Lunch) အတွက် ကုသိုလ်တစ်စုလျှင် $200 ဖြင့် တနေ့လျှင် ကုသိုလ်စု ၃ စု လိုအပ်နေသည်ဖြစ်ရာ တရားစခန်း ဆွမ်းကုသိုလ်ယူနိုင်ကြပြီဖြစ်သည်။
ဆရာတော် တရားထောက် ယောဂီ နှင့် ဝေယျာများ အတွက် အောက်ပါနေ့ရက်များတွင် လှူဒါန်းနိုင်ပါသည်။
Aug 12
Theinngu32 Buffalo
Donor 3
အလှူရှင်မရှိသေးပါ။
Aug 13
Theinngu32 Buffalo
Donor 2
အလှူရှင်မရှိသေးပါ။
Donor 3
အလှူရှင်မရှိသေးပါ။
Aug 17
Theinngu32 Buffalo
Donor 2
အလှူရှင်မရှိသေးပါ။
Donor 3
အလှူရှင်ရရှိပြီးဖြစ်ပါသည်။
"တရားမကျင့်ချင်ဘူး ဆိုတဲ့ စိတ်ဟာ မာရ် နတ် ဝင်ပူးနေတဲ့ စိတ်ပဲ။ တရားမရအောင် မာရ် နတ် တားဆီး ပိတ်ဆို့ နေပြီ။ သတိထား။"
- အောင်လံဆရာတော် ဘုရားကြီး၏ ဩဝါဒ
"ယောဂီတို့ သေချာမှတ်ထားပါ။ စိတ်ဖြစ်ပေါ်လာမှူ မှန်သမျှသည် သတိလွတ်နေလို့ပဲ။ ဖြစ်ပေါ်လာသမျှစိတ်တွေကို သတိပြန်ထားပါလို့ဆိုလိုတာ။ လောကကြီးဘာဖြစ်ဖြစ် ကမ္ဘာကြီးပဲ ပြိုပြို မီးလောင်လောင် မိမိရုပ်ကြီး ကြွံကျလို့ဘဲ ဘာဖြစ်ဖြစ် အချိန်နဲ့တပြေးညီ ဆရာသမားဆုံးမထားတဲ့ “သတိထားတာ မအားနဲ့ “ဆိုတဲ့ အလုပ်ကို ဘယ်တော့ ဘယ်တော့မှ မလွှတ်လိုက်ရဘူး နောက်ဆုံး သတိထားရင်းနဲ့ သေသွားပါစေတော့။ ချမ်းသာတဲ့ နိဗ္ဗာန်ကို သတိထားရင်းနဲ့ သွားရမယ်။"
- နာရီရှည်ယောဂီများအတွက် ဩဝါဒ
သဲအင်းဂူဆရာတော်ဘုရားကြီး
လေးမဂ်လေးဖိုလ်ကို ရရှိတော်မူသော ကျေးဇူးတော်ရှင် သဲအင်းဂူ ဆရာတော်ဘုရားကြီးသည် သတ္တဝါဝေနေယျအပေါင်းတို့အပေါ် မေတ္တာ ကရုဏာ၊ ရှေ့ရှုကာဖြင့် မြန်မာပြည်တဝှမ်း အနယ်နယ်အရပ်ရပ်မှ ပင့်လျှောက်လာသော ဒါယိကာ၊ ဒါယိကာမ အပေါင်းတို့အား မိမိသိမြင်ထားသော တရားများဖြင့် သာမန်သူတို့ နားလည်နိုင်သော မြန်မာစကားအသုံးအနှုန်းဖြင့် မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန် မြင်သည့်တိုင်အောင် ဟောကြား ပြသတော်မူခဲ့သည်။



